Opus 4.6 ဒီမနက်ထွက်လာတော့ AGI တွေနဲ့ ပတ်သတ်ပြီး နည်းနည်းအာချောင်လာလို့ လွန်ခဲ့တဲ့ 2 နှစ် ဒီချိန်လောက်က Try ချင်တာလေးရှိတယ်။
⚓ PHP ကနေ Node.js — Devil Fruit Conversion
ဂိမ်းက user scores CRUD နဲ့ Auth လုပ်ပေးတဲ့ php backend ကိုပဲ Node JS ပြောင်းချင်တာ။ Concurrent user များနေချိန်ဆို php က တော်တော်ဆိုးရွားနေတော့ Server spec မမြှင့်ချင်တာရော ပြီး node ရဲ့ async တွေနဲ့ server ပိုပေါ့စေချင်လို့။
အဲ့တုန်းက မဖြစ်သွားပေမဲ့ ရှေ့ Dec လောက်တည်းက opus 4.5 နဲ့တင် ညနေ တပိုင်းလောက်နဲ့ Backend ကို php --> Node ပြောင်းပြသွားတာ။ (Ongoing db နဲ့ match အောင် password encryption က အစ တူအောင်ရေးပေးဆိုပြီးတော့တော့ prompt ရတာပေါ့။)
// Ongoing db နဲ့ match အောင်
// password encryption က အစ တူအောင်ရေးပေး
// Business logics တူတူ
// encryption method တူတူအတိုင်းကိုပဲ
// tech stack ပြောင်းတဲ့ Conversion သဘောမျိုး
php --> Node ပြောင်းပြီး ✅
🏴☠️ Laravel 8 → Laravel 12: Grand Line Upgrade
နောက်တခုက php 7.4 Laravel 8 နဲ့ project ကို php 8.4 (Laravel 12 ) ထိ version upgrade တာ။ ဒီ business logics ဒီ functionality ကိုပဲ version ပြောင်း ရေးတဲ့ structure syntax တွေ လိုက်ပြောင်းရမှာ။ ပုံမှန်ဆို Laravel 7 -> 8 -> 9 -> 10 -> 11 အဲ့လို upgrade သွားမှ နားလည်မဲ့ အနေအထား
📱 Java Android → Swift iOS: Cross-Sea Navigation
နောက်တခုကလည်း Conversion ပဲ Java Native နဲ့ Android Project ကိုပဲ feed ပြီး structure & code analysis လုပ်ခိုင်းပြီး အဲ့တိုင်း iOS Native အတွက် Swift project အတိကျထုတ်ခိုင်းတာလည်း ထွက်လာတာပဲ backend ပါချိတ်ပြီးသား။ ( UI ဘာညာ လိုတာတွေတော့ ထပ်ပြီး ပြန်တော့ ပြင်ရတာပေါ့။)
ပြောချင်တာ Swift တလုံးမှ မသိလည်း iOS ရဲ့ Native power ကို ရနေပြီ။ အရင်က အဲ့လောက်ကပ်နိုင်ဖို့ဆိုတာ ဟိုးအဝေးကြီးမှ အဝေးကြီးပဲ။ ထွက်လာတဲ့ဟာကိုလည်း api/auth feature အကုန် unit testing အကုန်လုပ်ခိုင်းလို့ရတယ်။
🗺️ Content နဲ့ Context — Eternal Pose
ခုကတော့ content နဲ့ context ပဲ လိုတော့တယ် Coversion project တော်တော်များများကတော့ Content ရော Context ရော AGI အတွက် လုံလုံလောက်လောက် ပေးထားသလိုဖြစ်တယ်။
Source of Truth
"မင်း ဘာ logics ရေးရမလဲ မသိရင် နဂို codebase ကိုသွားကြည့်"
Target Tech
"ဘာနဲ့ရေးရမလဲဆိုရင် ငါခိုင်းလိုက်တဲ့ နည်းပညာနဲ့ရေး"
Completeness
"ဘယ်ထိရောက်အောင် လုပ်ရမလဲဆိုရင်လည်း အဲ့ codebase အသစ် နဲ့ နဂို codebase logics / Function တူတဲ့ထိ"
ဒီဟာက AGI အတွက်က ongoing ရော သူ့ဆက်သွားရမဲ့ ပန်းတိုင်ရော တိတိကျကျ ရှိနေတဲ့ အနေအထားမျိုး Token limit များများ memory context များများရှိတဲ့ model တွေ OPUS လိုမျိုးဆို အကုန်လုံး တကြိမ်တည်း မနိုင်ရင်တောင် ခွဲပြီး ခိုင်းလို့ရတယ်။ ဥပမာ ဟို java project က ဘယ် feature ကိုတော့ ဒီဘက်လာထည့်လိုက်ဆိုတာမျိုး။
═══════════════════════════════════════════════════════════
1. SERVER-SIDE TEMPLATE INJECTION (SSTI)
═══════════════════════════════════════════════════════════
✅ [PASSED] SSTI Test: No template execution: {{7*7}}
✅ [PASSED] SSTI Test: No template execution: ${7*7}
✅ [PASSED] SSTI Test: No template execution: #{7*7}
✅ [PASSED] SSTI Test: No template execution: <%= 7*7 %>
✅ [PASSED] SSTI Test: No template execution: {{config.items()}}

🔴 [CRITICAL] SSTI Detected: Template executed: <%= 7*7 %> → 49
✅ [PASSED] SSTI Test: No template execution: {{config.items()}}
═══════════════════════════════════════════════════════════
2. SERVER-SIDE REQUEST FORGERY (SSRF)
═══════════════════════════════════════════════════════════
🔴 [CRITICAL] SSRF Detected: Internal resource accessed: http://127.0.0.1
🔴 [CRITICAL] SSRF Detected: Internal resource accessed: http://localhost
🌊 Solo Pirate + AI = Unlimited Power
Before AI
အရင်က လူ ၁၈ ယောက်လောက် စောင်ဇကားတွေ ပြောနေရတဲ့ အနေအထားတွေ
With AI
best model နဲ့ Scalable Engineer တစ်ယောက် ပေါင်းပြီး Token အကြိုက်သုံးကြေးဆိုရင် 👀
တလရဘက်မှာ လူအင်အားတွေ တဖြည်းဖြည်းနည်းလာတဲ့ချိန် AI ရဲ့ ပါဝါကိုလည်း အင်အားအနေနဲ့ ယူသင့်တယ်။ AI ရဲ့ leverage က ကိုယ့် ဂျောလေး ကိုယ်နပ်ရင် ဘာမဆိုဖြစ်သွားနိုင်ပါတယ်။
You know what.... စောင်ဇကားတွေလည်း ပြောစရာမလိုတော့သလို Product လည်း မြန်မြန်ထွက်မယ်။ Product တခုက usable ဖြစ်တယ် သူ့ feature တွေ Functionable ဖြစ်တယ် Security လည်းလုံတယ်ဆိုရင် Market မှာ Live ဖြစ်ဖို့ ကျန်တာ သိပ်မလိုတော့ဖူး သူငယ်ချင်းတို့ အားလုံး တိတ်တိတ်လေး ကြိတ်လုပ်နေကြတာ သိပါတယ်။ ခုဆို အားလုံးက Idea ရှိရင်တောင် အရင်လောက် အာမချောင် မ leak တော့ပဲ ကြိတ်လုပ်နေကြပြီ။ 👀
တောသားအစ Engineer level အဆုံး အားလုံးပဲ Product owner ကြီးတွေ ဖြစ်ကြပါစေဗျာ။